Tuesday, April 17, 2012

Online ပေါ်မှာ File Size ကြီးကြီးတွေကို ဝေမျှချင်တယ်ဆိုရင်

သင့်အနေနဲ့  ကြီးမားတဲ့ file တွေကို ရွေ့ ပြောင်းချင်တယ်ဆိုရင် online file
sharing service တွေကို အသုံးပြုရပါလိမ့်မယ် ။ sharing service site တွေမှာ
ကိုယ့် file ကို upload လုပ်ပြီး လက်ခံမယ့်သူထံကို link တစ်ခုအနေနဲ့  ပို
့ပေးနိုင်ပါတယ် ။ နာမည်ကြီး file sharing
site သုံးခုကို ဥပမာဖေါ်ပြပေးချင်ပါတယ် ။



Box.net


Box.net မှာ account လုပ်ပြီးတဲ့အခါမှာ 1GB ပမာဏထိ upload လုပ်နိုင်ပါတယ် ။ upload လုပ်ပြီး ထွက်ပေါ်လာတဲ့ link ကို email နဲ့ ဒါမှမဟုတ် IM နဲ့  အလိုရှိတဲ့သူဆီကို ပို
့ပေးနိုင်ပါ တယ် ။ Box.net မှာ 1GB
storage , 25 MB upload ကို အခမဲ့အဖြစ်သတ်မှတ်ပေးထားပါတယ် ။



DropBox


DropBox မှာ Sign up လုပ်ပြီး upload လုပ်ထားတဲ့ file တွေကို သီးသန့်  folder များအနေနဲ့ ထားရှိပြီးတော့ ထိန်းချုပ်နိုင်ပါတယ် ။ upload လုပ်ပြီးတဲ့အခါ sharing box မှာ မိမိပို
့ချင်တဲ့သူရဲ့ email လိပ်စာကို
ရိုက်ထည့်ပြီး upload link ကို ပေးပို
့နိုင်ပါတယ် ။ 5GB အထိအခမဲ့ upload လုပ်ခွင့်ပေးထားပါတယ် ။



YouSendIT


YouSendIT ဟာ file တွေကို အမြန်ဆုံးနဲ့  အလွယ်ဆုံးပို့ ပေးနိုင်တဲ့ online file sharing site တစ်ခုဖြစ်ပါတယ် ။ Register လုပ်ပြီးတဲ့အခါ file
တွေကို upload လုပ်ပြီး ပို့ နိုင်ပါပြီ ။


100MB ထိ အခမဲ့ upload လုပ်နိုင်ပြီး upload file တွေကို 7 ရက်ကြာသိမ်းဆည်းထားနိုင်ပါ တယ် ။ upload လုပ်ရာမှာလည်း လျှင်မြန်ပါတယ် ။


ဖတ်ဖူးသမျှကို ပြန်လည်ဝေမျှခြင်းဖြစ်ပါတယ်။

အားလုံးပဲ ပျော်ရွှင်ပါစေနော်။

No comments:

Post a Comment