Tuesday, April 17, 2012

မြန်နှုန်းမြင့်ပြီး လုပ်ဆောင်ချက်ပိုကောင်းတဲ့ Browser သစ်Avant Browser

IAvant Browser
IE, Mozilla, Google Chrome, Safari စတဲ့ မြန်မယ်ထင်ရတဲ့ Browser တွေကလည်း နေ့စဉ်နဲ့အမျှ ထွက်ပေါ်လျက် ရှိပါတယ်။ အဓိကအားဖြင့် ဝက်ဘ် စာမျက်နှာတွေကို မြန်မြန်ဆန်ဆန် ဖတ်ချင်ကြတာလည်း အင်တာနက် အသုံးပြုသူတွေရဲ့ သဘာဝပါပဲ။ အခုလက်ရှိမှာတော့ Avant ဆိုတဲ့ Browser အသစ်တစ်မျိုး ထပ်မံ ဝင်ရောက်လာပါတယ်။ IE 9 နဲ့ တွဲဖက် သုံးသင့်တယ်လို့ အကြံပြုထားပါတယ်။ မြန်နှုန်းမြင့်ရုံသာ မကဘဲ အရွယ်အစားကလည်း သေးငယ်တာ၊ CPU သုံးစွဲနှုန်း နည်းတာ၊ ဝက်ဘ် စာမျက်နှာပေါ်က ဗီဒီယိုဖိုင်တွေကို Download ချနိုင်အောင် တီထွင်ထားတာ၊ ပြီးတော့ Download တွေကို သာမန်ထက် ပိုမြန်အောင် ဖန်တီးထားတာအပြင် ကွန်ပျူတာထဲမှာ သုံးနေတဲ့ တခြား ဆော့ဖ်ဝဲလ်များနဲ့လည်း ပြဿနာ တစ်စုံတစ်ရာ မရှိဘဲ တွဲဖက် အသုံးပြု နိုင်ပါသေးတယ်။ ဒါ့အပြင် မြင်ကွင်းကို ပုံစံအမျိုးမျိုး ပြောင်းနိုင်တာ၊ ရုပ်ပုံတွေ ကြည်လင်ပြတ်သားတာနဲ့ တခြားတခြားသော လုပ်ဆောင်ချက်တွေကလည်း အများကြီး ပါသေးတာမို့ စမ်းသုံး ကြည့်သင့်တယ်လို့ ထင်မိပါတယ်။ http://www.avantbrowser.com/ မှာ Download ချနိုင်ပြီး Download မလုပ်ခင်မှာ အသုံးဝင်ပုံတွေကို ဖတ်ကြည့်နိုင်ပါသေးတယ်။

No comments:

Post a Comment