Friday, April 20, 2012

ကွန်ပြူတာ နှေးကွေးနေတာကိုမြန်အောင်လုပ်မယ်


ဒီပို့ ကို အရင်ကတင်ထားပြီးသားပါ ခုတော့မရှိတော့ဘူလေ ဒါကြောင့်ပြန်တင်ပေးတာပါ မသိသေးသူတွေနဲ့ နောင်မသိသေးသူတွေဖတ်လို့ ရအောင်သိနိုင်အောင်လို့ ပေါ့ဗျာ...။
ကွန်ပြူတာ အလုပ်လုပ်တာ နှေးကွေးနေရင် ..တော်တော် စိတ်တိုဖို့ ကောင်းပါတယ် ..ဘယ်သူမှလဲ
အကြာကြီးထိုင်စောင့်နေရတာကို နှစ်သက်မှာ မဟုတ်ပါဘူး ..

ခုဒီနည်းလေးကို သုံးကြည့်ပေါ့ ကွန်ပြူတာ သိသိသာသာ ပိုပြန်လာတာတွေ့ ရမှာပါ  ကွန်နက်ရှင် နှေးတာနဲ့ တော့မဆိုင်ပါဘူး ၊ ကွန်ပြူတာ အလုပ်လုပ်တာ နှေးတာကိုပဲပြောတာနော် ။ ကွန်ပြူတာမန်မိုရီ နည်းလို့  ကွန်ပြူတာ မကောင်းလို့  နှေးတာကိုတော့ တတ်နိုင်ဘူးပေါ့နော် .. ကွန်ပြူတာလဲကောင်းနေရက်နဲ့ နှေးကွေးနေရင် သုံးဖို့ အတွက်ပါ .... တကယ်တော့ ကွန်ပြူတာ ထဲမှာဆော့ဝဲအများကြီး ထားတာတို့  ဗီဒီယို တွေအများကြီး သိမ်းထားတာတို့ ကလဲကွန်ပြူတာကိုအလုပ်လုပ် နှေးကွေ့းစေပါတယ် ......
နည်းလမ်းကတော့
၁ -My Computer ကိုရိုက် (ယာ)ကလင့်ပေးလိုက်ပါ ...၊၊ ၀င်းဒိုးလေးပေါ်လာပါလိမ့်မယ်
၂- အဲဒီထဲက Properties ကိုနိုပ်ပေးလိုက်ပါ အောက်က ပုံလေးအတိုင်းပေါ် လာပါလိမ့် မယ်

ပြီးရင် change settings ကိုနိုပ်လိုက်ပါ
အောက်က ပုံအတိုင်းထပ်ပေါ်လာပါလိမ့်မယ်
အဲဒီအထဲက Advanced ဆိုတာလေးကိုထပ်နိုပ်ပေးပါ အပေါ် ပုံထဲကအတိုင်း
ပြီးရင် settings ၃ခု ပေးထားတဲ့အထဲက အပေါ်ဆုံး settings ကိုနိုပ်လိုက်ပါ
အောက်ကပုံကိုကြည့်ပါ
ဝင်းဒိုထပ်ပေါ်လာပါလိမ့်မယ် ... အဲဒီမှာ အစက် ၄ ခုရှိပါတယ် သင့်ဟာက အပေါ်ဆုံး
let windows choose what's bset for my computer ဆိုတဲ့နေရာမှာရှိနေရင်

ဒုတိယနေရာ Adjust for best appearance ကိုပြောင်းပေးပါ
အောက်က Adjust for best performance ကိုပြောင်းပေးရင်လဲရပါတယ် ဒါပေမယ့်
အဲဒီကောင် ကိုပြောင်းပေးရင် အရောင်ပြောင်းသွားပါလိမ့်မယ်
အောက်ကပုံကိုကြည့်ပြီးလုပ်လိုက်ပေါ့
အောက်ကပုံထဲ မှာဝိုင်းပြထားတဲ့အတိုင်းလုပ်ပေးလိုပ်ပေါ့ဗျာ

အားလုံးပဲကွန်ပြူတာ နှေးကွေးခြင်းမှကင်းဝေးကြပါစေ

No comments:

Post a Comment